Monday, December 26, 2011

အတ္တမရောတဲ့ အချစ်

စိတ္တဇနဲ့ 
အတွေးတို့ နယ်ကျွံ
ကိုယ့်ဒုက္ခ ကိုယ်ရှာခဲ့ မိပေမယ့်
ငါ့အတွေးတို့ ...
တကယ်ပဲမှန်ကန်နေခဲ့လား...
သိချင်သေးရဲ့ ...။

sorry ဆိုတဲ့ စကားတစ်ခွန်းနဲ့ 
ငါ့အိပ်မက်နန်းတော်ကြီးပြိုလဲ
တောင်းပန်ဖို့ မလိုအပ်ခဲ့ပါဘူး...

နားလည်မှုမပေးနိုင်ခဲ့တဲ့
ငါကိုယ်တိုင်က မှားနေခဲ့တာ...

အတ္တတစ်ခုနဲ့တစ်ခုပေါင်းစပ်သွားရင်
အချစ်ဖြစ်သတဲ့ ...
ငါကြားခဲ့ ဖူးတယ်...

ငါ့အတွက်ကတော့ 
အမည်မသိတဲ့ ဒီအဆိုအမိန့် 
အလွဲကြီးလွဲနေခဲ့ တာ...

ဘာလို့ လဲဆိုတော့...
အဲဒီအချစ်ဖြစ်ဖို့ 
ငါ့အတ္တ တစ်ခြမ်းတောင်မပါခဲ့ ဘူး...။ ။

73း0PM
3.12.2011(sat)
ကြယ်ရောင်လင်း

No comments:

Post a Comment